Sunday, May 1, 2011

ဥာဏ်ပညာရယ်..ချစ်ခြင်းတရား...ဘ၀မှာ ဆိုးဝါးလွန်းတဲ့ ''အဓမ္မ'' ကို နိုင်ဦးမလား?

ဥာဏ်ပညာရယ်..ချစ်ခြင်းတရား...ဘ၀မှာ ဆိုးဝါးလွန်းတဲ့ ''အဓမ္မ'' ကို နိုင်ဦးမလား???????????
(၁) အချစ်ကိုလိုမှ ပေးဆပ်ရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့ တူ
တယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်း စာသားထဲကလိုပဲ ပျော်ရွှင်ခြင်း
တွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူ ထွက်သွားမှပေးဆပ်
ရကောင်းမှန်း သိတာမျိုးမဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။

(၂) အထီးကျန်မှ သူငယ်ချင်းတွေကို သတိရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ သူငယ်ချင်း ဆိုတာ
ဘာလဲ? တကယ့်သူငယ်ချင်းဆိုတာ သင့်ကို ဘယ်တော့မှပစ်မထားတတ်သူဖြစ်တယ်။ လောကမှာစိတ်တူကိုယ်
တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ရာ ခဲယှဉ်းတယ်။ အထီးကျန်ချိန်၊ သောကရောက်ချိန် သူငယ်ချင်းဟာ
သင့်အတွက် သစ္စာရှိတဲ့ နားထောင်သူဖြစ်တယ်။ သင့်အတွက် ဖေးမကူညီသူဖြစ်တယ်။ သင့်ရင်ဖွင့်သံကို မငြီးမ
တွား နားထောင်ပေးတယ်။ သူတို့ဆီမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။

(၃) အလုပ် အကိုင်ရှိမှ ကြိုးစားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ လူတချို့က ကိုယ့်စိတ်နဲ့ထပ်တူကျ
မယ့် အလုပ်ကိုပဲ စောင့်မျှော်နေတတ်တယ်။ ဆံဖြူတဲ့အချိန်ထိ ခေါင်းမာမာနဲ့ စောင့်တတ်တယ်။ တကယ်တော့ လောကမှာရှိတဲ့ အရာရာတိုင်းဟာ ထူးဆန်းအံ့သြစရာတွေပါ။ သင်သာ ကြိုးစားလို စိတ်ရှိရင် သင့်စိတ်နဲ့ထပ်တူ
ကျတဲ့အလုပ်တွေနေရာတိုင်းမှာရှိနေပါတယ်။

(၄) ကျရှုံးမှ သူတစ်ပါးရဲ့ အသိပေးစကားကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိမစောင့်နဲ့
အသိပေး စကားတွေက နားမခံသာပေမယ့် အကျိုးရှိတယ်။ ဆေးခါးတွေက အဝင်ခက်ပေမယ့် ရောဂါပျောက်
တယ်။ မုသားစကားကို လူတိုင်း နှစ်သက်တတ်တယ်။ မုသားစကားတွေက ချိုလို့ဖြစ်တယ်။ အသိပေးစကားကို ကျရှုံးချိန်မှ သတိရတာဟာ အရာအားလုံးမီးခိုးလို ပျောက်ကွယ်သွားတာနဲ့ အတူတူဖြစ်တယ်။

(၅) ဖျားနာမှ အသက်တစ်ချောင်းဟာ ကျိုးပဲ့လွယ်တယ်လို့ အသိရကောင်းမှန်းသိတဲ့အချိန်ထိ မစောင့်နဲ့
အသက်က ကျိုးပဲ့လွယ်တယ်။ ပုရွက်ဆိတ်တစ်ကောင်ဟာ သင့်ခြေဖဝါးအောက်မှာ သေဆုံးနိုင်တယ်။ ဒါကိုသင်
သတိထားမိချင်မှထားမိမယ်။ ဖျားနာချိန်၊ အသည်းအသန်ဖြစ်ချိန်ရောက်မှ အသက်ကို တန်ဖိုးထားရကောင်းမှန်း သိတာမျိုးမဖြစ်စေနဲ့။







(၆) ခွဲခွါမှ ချစ်ခင်ရင်းနှီးမှုကို တန်ဖိုးထားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘာဖြစ်လို့ ခွဲခွါပြီးတဲ့
နောက်မှ အတူနေတဲ့အချိန်ကို တန်ဖိုးထားရကောင်းမှန်း သိရတာလဲ? သည်းခံတဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာ
ဟာ သူတစ်ပါးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာဖြစ်သလို ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ
တာလည်းဖြစ်တယ်။


(၇) သူတစ်ပါး ချီးကျူးမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ လူတိုင်းမှာ
ကောင်းကွက်နဲ့ ကိုယ်ပိုင်အရည် အချင်းတွေ ရှိပြီးသားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ အောင်မြင်ခြင်းရဲ့
သော့ ဖြစ်တယ်။ သူတစ်ပါးဆီက ချီးကျူးသံကြားမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်းသိတာမျိုး မဖြစ်စေနဲ့။
ဘဝဆိုတာလည်ပတ်မနေဘူး။တစ်ကြိမ်တစ်ခါပဲရှိတယ်။

(၈) သူတစ်ပါး ညွန်ပြမှ ကိုယ့်အမှားကို ဝန်ခံရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ အမှားကိုသတ္တိရှိရှိ
ဝန်ခံတာဟာ သူတစ်ပါးရဲ့အကဲ့ရဲ့ကိုမခံရတဲ့အပြင် သူတစ်ပါးရဲ့လေးစားတာကို ခံရတတ်တယ်။လူတိုင်းအမှားနဲ့ မကင်းပါဘူး။ တချို့က သူတို့ရဲ့အမှားကို ဖုံးကွယ်ထားတတ်ပြီး တချို့က သတ္တိရှိရှိ ဝန်ခံတတ်တာလေးပါပဲ။

(၉) ချမ်းသာကြွယ်ဝမှ သူတစ်ပါးကို ကူညီရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ သူတစ်ပါးကို
ကူညီတာဟာ ပျော်ရွှင်ခြင်း တစ်မျိုးဖြစ်တယ်။ ချမ်းသာမှသူတစ်ပါးကို ကူညီမယ်ဆိုတာမျိုး မဖြစ်စေနဲ့။ ချမ်းသာ
ကြွယ်ဝမှ ပေးကမ်း ရက်ရောတာမျိုးကို လူတိုင်း လက်ခံချင်မှ လက်ခံလိမ့်မယ်။

(၁ဝ) သေဆုံးခါနီးမှ ဘဝကိုချစ်ရ၊ တန်ဖိုးထားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘဝဆိုတာ ထူးဆန်း အံ့သြတာတွေနဲ့ အမြဲပြည့်နေတယ်။ ဘဝဟာမြစ်တစ်စင်းနဲ့တူတယ်။ အမြဲစီးဆင်းနေတယ်။ နာခြင်း၊ အိုခြင်းက ဘဝကို မပြောင်းလဲသွားဘူး။ ဘဝကို ချစ်တာဟာ ကိုယ့်ကိုယ်ကို ချစ်တာနဲ့တူတယ်။ ကျေနပ်လက်
သင့်ခံနိုင်တဲ့အဆုံးသတ်တစ်ခုဘဝမှာရှိသင့်တယ်။

အပြည့်အစုံသို့

Thursday, February 24, 2011

ယေရှုသည် ဗုဒ္ဓရဟန်းတစ်ပါးသာ ဖြစ်၏

ခရစ်ယာန် ကျမ်းစာများတွင် ယေရှုသည် ဂျူးလူမျိုး ဖြစ်သည်ဟု အတိအကျ ရေးသားထားသည်။ ဂျူး လူမျိုးများ တွင် ဘာသာရေး ခေါင်းဆောင် များသည် သူတို့ကိုယ်သူတို့ ဘုရားသားတော်ဟု ခံယူခြင်း မရှိ။ ယခုမူ ယေရှုသည် သူ့ကိုယ်သူ ဘုရားသားတော်ဟု တိတိကျကျ ပြောဆိုထားပေ၏။ ဘုရားသားတော် ဆိုသည့် အသုံး အနှုံးအား ဗုဒ္ဓရဟန်းသံဃာများထံမှ တုပ သုံးစွဲခြင်းသာ ဖြစ်ပေသည်။ ဤအတွက် တိကျခိုင်လုံသော အထောက် အထားမှာ-
ရုရှား စာရေး ဆရာကြီး နီခိုလာ့ဆ်နိုတိုဗစ် (Nicholas Nototvitch) ၏ `လူမသိသော ယေရှုဘ၀´ (The Unknown Life of Jesus) စာ အုပ်တွင် ရေးသားထားလေ၏။ စာရေးဆရာကြီးသည် ၁၈၇၇-၇၈ ရုရှ၊ တူရကီ စစ်ပွဲ အပြီး ရုရှ ခရီးသည် ဖြစ်၏။ သူသည် အပြန်ခရီးတွင် အာဖဂန်နစ္စတန်မှ တဆင့် အိန္ဒိယနှင့် ကာက်ရှ်မီးယားသို့ ရောက်ရှိခဲ့၏။ သူသည် ရုရှသို့ အပြန်ခရီးကို အာရှ အလယ်ပိုင်းမှ ဖြတ်ကျော် သွားရန် ဆုံးဖြတ်ခဲ့ရာ လာဒက်စ်မြို့ဘက်မှ ကျော်ရသည့် လမ်းအတိုင်း သွားလေသည်။ ထိုဒေသ၌ သူသည် ဟိမစ် (Himis) ရှိ ဗုဒ္ဓ သာသနာ ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ခဲ့ရာ လာမာရဟန်း ဂိုဏ်းချုပ်ကြီး၏ ထံမှ ထိုကျောင်းတွင် ယေရှု၏ ဘသကို ဖေါ်ပြထားသော အလွန်ရှေးကျသည့် မှတ်တမ်းများရှိကြောင်း ကြားသိခဲ့ရလေသည်။
ထိုအကြောင်းကို သူသိလို စိတ်ပြင်းပြခဲ့သော်လည်း ဖတ်ရှုလေ့လာရမည့် ဒုက္ခကို မခံနိုင်ဘဲ ခရီးဆက်ခဲ့လေသည်။ သို့သော် ခရီး မထောက်မှီပင် သူသည် လဲကျလျှက် ခြေကျိုးသွားခဲ့သဖြင့် ခရီးမဆက်နိုင်တော့ဘဲ- သူတည်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်ပို့ ခံခဲ့ရလေ သည်။ ဒဏ်ရာအား ဆေးကု နေစဉ်ပင် သူသည် စကားပြန်တစ်ဦး၏ အကူအညီဖြင့် ယေရှု၏ ဘ၀မှတ်တမ်းများအား ရုရှ စာသို့ ပြန်နိုင် ခွင့် ရခဲ့လေသည်။
စာရေးဆရာကြီးသည် ထိုစာမူအား ကိဗ်မြို့ရှိ သာသနာပိုင် မွန်ရှီယာ မလေတန်အား ပြသခဲ့သည်။ ထို့နောက် အမည်မဖေါ်လိုသော ရောမ ပုပ်ရဟန်းမင်းကြီးအား လည်းကောင်း၊ ပဲရစ်မြို့ ဂိုဏ်းချုပ် ရိုတဲလီ အားလည်းကောင်း ပြသခဲ့သည်။ ထိုပုဂ္ဂိုလ်များက စာမူအား လူသိရှင်ကြား ထုတ်ဝေရန် အကြံအား ကန့်ကွက်တားဆီးခဲ့လေသည်။ (အမှန်တရာအား ဤမျှခုံမင်သော သာသနာ့ ဦးသျှောင်များ ပေ တကား)။
ထိုစာအုပ်တွင်- ယေရှုသည် အသက် ၁၄ နှစ်အရွယ်တွင် ဆင်းဒ်ပြည်နယ်မှ ဤအရပ်သို့ ရောက်ရှိခဲ့ပြီး အရိယာ သူတော်စင်များ သတင်း သုံးရာနေရာများတွင် နေထိုင်ခဲ့သည်။ သူသည် ဂျဂ္ဂနပ်မြို့၊ ရာဇဂရိဟမြို့၊ ဗာရာဏသီမြို့များတွင် ခြောက်နှစ်တာ နေထိုင်ခဲ့သည်။-- လူ အများက ယေရှုအား ချစ်ခင်ကြလေ၏။ (စာမျက် နှာ ၁၀၇)။
သူသည် ရာသီပင်အလိုက် စိုက်ပင်များနှင့် ဆေးဝါးဘယဆေးပင်များ၏ အသုံးဝင်ပုံများကို လေ့လာခဲ့သည်။ ဗုဒ္ဓသာသနာနှင့် ဗြဟ္မဏ ဘာသာတို့ကို လေ့လာခဲ့သည်။ သို့သော် ဗြဟ္မဏဘာသာအား သူ မနှစ်သက်သည့်အပြင် ပြောင်ပြောင်တင်းတင်း ရှုံချပြောဆိုခဲ့သည်။ ထို့ကြောင့် ဗြဟ္မဏ၀ါဒီများ စစ်သည်များ ဗြဟ္မဏရဟန်းများ၏ အသက်ဘေးရန် ကြံစည်မှုကြောင့် တိမ်းရှောင်သွားခဲ့ရသည်။ (စာမျက်နှာ ၁၁၂)။
ဤအကြောင်းအရာများတွင် သူသည် ဗုဒ္ဓရဟန်းတော်များတွင် တပည့်ခံသွားသည်၊ ထို့နောက် ဗုဒ္ဓ၀ါဒကို မြတ်နိုးခုံမင်လျှက် ဗြဟ္မဏ ၀ါဒီများ၏ သုဒ္ဓရ ဓမ္မများကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်သွားသည်-ဟု အတိအလင်း ဖေါ်ပြထားပေသည်။
ဓမ္မသစ်ကျမ်းစာ ရှင်လုကာ ခရစ်ဝင်အရ သူသည် သူ၏ဇာတိ ဂျေရုဆလင်သို့ ရောက်သောအခါ- အသက် ၃၀ ကျော် ရှိပြီဖြစ်သည်။ ထိုဒေသတွင် သူသည် သူ့ကိုယ်သူ ဗုဒ္ဓရဟန်းတော် ဖြစ်ကြောင်း- ဘုရားသားတော် ကြေငြာ ပေတော့သည်။ အကယ်၍ သူသည် ဖန်ဆင်း ရှင်ဝါဒအား လက်ခံယုံကြည်လျှင်- ထိုဒေသသားတို့ လက်ခံယုံကြည်ထားသော ထာဝရဘုရား၏ တမန်တော်ဟုသာ ကြေငြာမည်မှာ အမှန်ပင် ဖြစ်၏။ ယေရှု၏ ပြောစကားတိုင်းတွင် သူ့ကိုယ်သူ ထာဝရဘုရား၏ တမန်တော် ဟု လုံးဝမတွေ့ရပေ။ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်ထားသော ဂျူးများက ထာဝရဘုရားဟူသည် ရုပ်နာမ်ဒြဗ် တည်ရှိသော ဘုရားမဟုတ်။ ထိုဘုရားသည် သားမယားမရှိ၊ သားသမီးမရှိ-ဟု အခိုင်အမာ လက်ခံထားလေ၏။ ယေရှု၏ ပြေစကားသည် ထာဝရဘုရား ဟူသည်ကို လက်ခံသော စကားမဟုတ် သူ့ကိုယ်သူ ဘုရား၏သားတော် ဟု အသက်ကိုတည် ပြောဆိုခြင်းသာ ဖြစ်လေသည်။ ထိုစကားမှာ သူသည် မြတ်ဗုဒ္ဓ၏ ရဟန်းတော် တစ်ပါး အဖြစ် အတိအကျခံယူထား၏ ဟူသည်ကို သက်သေခံသွားသော စကားသာ ဖြစ်လေသည်။
ယေရှုအား ကားစင်တင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ရှင်ပေါလုက ရဟန်းတော် ယေရှုပြောသည့် ဘုရားသားတော် ဆိုသည်မှ ဘုရား ဆိုသည် မှာ ဂျုးတို့လက်ခံထားသော ကောင်းကင်ဘုံပေါ်မှ ထာဝရဘုရား ဖြစ်သည်ဟု တီထွင်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ရှင်ပေါလု အနေဖြင့် လက်အုပ်ချီ၍ ဘုရားရှိခိုး- အရိုအသေပြုခြင်းကို ဖျောက်ဖျက်ရန် မေ့လျှော့နေခဲ့ပေသည်။ ယေရှု၏ ဇာတိမျိုးနွယ် လူမျိုး၏ ဘာသာတရားများတွင် လက်အုပ်ချီလျှက် ရှိခိုးခြင်း အရိုအသေပြုခြင်း ဓလေ့များ ယနေ့ထိတိုင် မတွေ့ရသေးဘဲ- ရဟန်းတော်ယေရှု၏ နောက်လိုက်များသည်သာ ယေရှု၏သွန်သင်မှုဖြင့် ယခုလက်ရှိအထိ လက်အုပ်ချီ ရှိခိုးလျှက် ရှိနေသေးသည်မှာ ကြီးမားသော သက်သေ တစ်ရပ်ပင် ဖြစ်လေသည်။
သို့ဖြစ်ပါသောကြောင့်-ယနေ့အခါတွင် ယေရှုအား မြတ်နိုးကြည်ညို လှသော ခရစ်ယာန်များ အနေဖြင့် ရှင်ပေါလု၏ ထွင်လုံးများ နောက်သို့ လိုက်မနေတော့ဘဲ မိမိတို့၏ ဦးဆောင်နာယက ဖြစ်သော ယေရှု၏ သွန်သင်မှု အမှန်ဖြစ်သည့် မြတ်ဗုဒ္ဓဒေသနာအား တိကျ စွာ လိုက်နာ ယုံကြည်သင့်ပေသည်။
စေတနာမှန်ဖြင့်- ဒေသနာမှန်သို့ ဖိတ်ခေါ်အပ်ပါသည်။

ယဉ်ကျော့ (သမိုင်း)

အပြည့်အစုံသို့

Friday, February 18, 2011

အနတ္တလက္ခဏသုတ် အင်္ဂလိပ်

Anattalakhana sutta


(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)
(B) In succession by one another after attainment of Sotapatti Phala on consecutive days, (on the 5th of waning Waso month) Buddha taught them the Anatta Lakkhana sutta for the attainment of Arahatta Phala. O, Good persons, let's recite this Anatta Lakkhana sutta now.

The introduction of Anattalakkha Sutta:
At one time, Buddha was staying in Isipatana, the Deer park, near the township of Varanasi. There the the Bhagava addressed the group of five Bhikkhus 'O! Bhikkhus, and the Bhikkhus answered, " Bhante" , then the Bhagava spoke thus: -

"Matter, Bhikkhus, is neither the self nor a living entity" If matter, Bhikkhus, were the self, then matter would not tend to sickness, and one could say of matter, "Thus let matter happen to me this way (in favorable condition), let matter not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as matter is not the self, which is why matter tends to sickness. And one cannot say of matter, "Thus let matter be thus for me, let matter not be thus for me."

"Feeling, Bhikkhus, is neither the self nor a living entity" If feeling, Bhikkhus, were the self, then feeling would not tend to sickness, and one could say of feeling, "Thus let feeling happen to me this way (in favorable condition), let feeling not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as feeling is not the self, which is why feeling tends to sickness. And one cannot say of feeling, "Thus let feeling be thus for me, let feeling not be thus for me."

"Perception, Bhikkhus, is neither the self nor a living entity" If perception, Bhikkhus, were the self, then perception would not tend to sickness, and one could say of perception, "Thus let perception happen to me this way (in favorable condition), let perception not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as perception is not the self, which is why perception tends to sickness. And one cannot say of perception, "Thus let perception be thus for me, let perception not be thus for me."

"Mental formation, Bhikkhus, is neither the self nor a living entity" If mental formation, Bhikkhus, were the self, then mental formation would not tend to sickness, and one could say of mental formation, "Thus let mental formation happen to me this way (in favorable condition), let mental formation not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as mental formation is not the self, which is why mental formation tends to sickness. And one cannot say of mental formation, "Thus let mental formation be thus for me, let mental formation not be thus for me."

"Consciousness, Bhikkhus, is neither the self nor a living entity" If consciousness, Bhikkhus, were the self, then consciousness would not tend to sickness, and one could say of consciousness, "Thus let consciousness happen to me this way (in favorable condition), let consciousness not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as consciousness is not the self, which is why consciousness tends to sickness. And one cannot say of consciousness, "Thus let consciousness be thus for me, let consciousness not be thus for me."

What do you think of this, Bhikkhus? Is matter permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

Is feeling permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

Is perception permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

mental formation permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

Is consciousness permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever matter there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, matter of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever feeling there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, feeling of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever perception there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, perception of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever mental formation there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, mental formation of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever consciousness there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, consciousness of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted with feeling, disgusted with perception, disgusted with mental formation, disgusted with consciousness. So being disgusted, he is dispassionate. Through dispassion, he is free from craving. When he is freed, he knows that it is freedom. Further he knows that birth is ended. The Holy life has been lived. What was to be done has been done. Nothing further has to be done for this noble path.

This is what the Buddha had said and the group of five Bhikkhus was delighted and rejoiced at what the Buddha had explained. After this explanation was done, the minds of five Bhikkhus were freed from Asava; ( four Asava: desire, craving, wrong belief, ignorance).

Here ends the Anattalakhana sutta.


သာသနာအတွက် အထောက်အပံ့ဖြစ်စေရန် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။

ဗုဒ္ဓဓမ္မ ဦးလောကနာထ

အပြည့်အစုံသို့

Sunday, February 13, 2011

ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒများ

ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒများ
ဘုရားရှင်နှင့် အယူဝါဒရေးရာများ ယှဉ်ပြိုင်ဟောပြောခဲ့ကြသော အတွေးအခေါ် ပညာရှင် ဆရာကြီး ၆ ဦးကို ဗဟုသုတ ဖြစ်ပါစေခြင်းငှာ တင်ပြလိုက်ပါတယ်။

၁။ ပူရဏကဿပဆရာကြီးက သတ်ခြင်း၊ ခိုးခြင်းစသော မကောင်းမှုများကို ပြုသော်လည်း ပြုရာမရောက်၊ လှူဒါန်းပေးကမ်းခြင်း သီလစောင့်ခြင်းစသော ကောင်းမှုများလုပ်သော်လည်း ကုသိုလ်မဖြစ်၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးပြစ်ဟူ၍ မရှိ၊ အတ္တကို အကျိုး မသတ်ရောက်စေနိုင်၊ လူသေလျှင် ခန္ဓာကိုယ်မှ ဓာတ်များအားလုံး ဆိုင်ရာ မူလဓာတ်နှင့် ပူးပေါင်းသွားကြသည်။ ခန္ဓာကိုယ်ရော စိတ်ဝိညာဏ်ပါ ဘာတစ်ခုမှ ကြွင်းကျန် မနေရစ်ပြီဟု ဟောပြောသည်။ (အကိရိယဒိဋ္ဌိခေါ်၏၊ အကြောင်းပယ်သည်။)

၂။ မက္ခလိဂေါသာလ ဆရာကြီးက သတ္တ၀ါမှန်သမျှ အကြောင်းမဲ့ ဖြစ်နေကြ၏။ ညစ်ညူးစေရန် စင်ကြယ်စေရန် အကြောင်းမရှိ၊ လုပ်ယူ၍မရ၊ ကြိုးစားအားထုတ်မှု မှန်သမျှ အချည်းနှီး၊ ဖြစ်အောင်လုပ်၍ မရ၊ မဖြစ်အောင်လည်း လုပ်၍မရ၊ သူ့သတ်မှတ်ချက်အတိုင်း ဖြစ်နေရသည်၊ သူဖြစ်ချင်သလို ဖြစ်နေရသည်။ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူမိုက်ရော လူလိမ္မာပါ မဟာကပ် ရှစ်သန်းလေးသိန်း ရှိလျှင် သံသရာအလည်ရပ်၍ သတ္တ၀ါအားလုံး ဘ၀ပြတ်ပြီ။ အပ်ချည်ရှိသလောက်သာ အပ်ချည်လုံး ပြေးရသကဲ့သို့ ဖြစ်သည် ဟု ဟောပြောသည်။
(အဟေတုကဒိဋ္ဌိ - နိယတ၀ါဒခေါ်၏။ ကြောင်းကျိုး ပယ်သည်။)

၃။ အဇိတကေသကမ္ဗလ ဆရာကြီးက မကောင်းမှုလုပ်သော်လည်း မကောင်းကျိုး မရှိ၊ ကောင်းမှုလုပ်သော်လည်း ကောင်းကျိုးမရ၊ အတ္တသို့ အကျိုးမသတ်ရောက်စေ၊ မိုက်သူလှူ၍ လိမ္မာသူ စားသည်။ တမလွန်ဘ၀မရှိ၊ ငရဲ နတ်ပြည် ဘာမှမရှိ၊ မိဘနှစ်ပါးအပေါ် ကောင်းကောင်း ဆိုးဆိုး အကျိုးအပြစ် မရှိ၊ အသိအမြင်ပေါက်သော သူတော်သူမြတ်မရှိ၊ လူဆိုသည်မှာ အတူတူချည်း၊ ဓာတ်လေးပါး အစုအဝေးသာ၊ သေလျှင်ပြတ်ပြီ၊ မြေဓာတ် မြေနှင့်ပေါင်း၏။ ရေဓာတ်ရေနှင့် ပေါင်း၏ ဟုဟောပြောသည်။ (နတ္ထိဒိဋ္ဌိ - ဥစ္ဆေဒ၀ါဒခေါ်၏။ အကျိုးပယ်သည်။ အကြောင်းပယ်လျှင် အကျိုးပယ်ပြီး၊ အကျိုးပယ်လျှင် အကြောင်းပါပြီး ဖြစ်၍ ဤသုံးဦးစလုံး ကမ္မ၊ ကမ္မဖလ နှစ်မျိုးပယ်၍ အတူတူပင်ဖြစ်သည်။)

၎။ ပကုဓကစ္စာယန ဆရာကြီးက ဖန်ဆင်းရှင်ကို လက်မခံ၊ အမြဲတည်သော ထာဝရဓာတ် ခုနှစ်(၇)ပါးသာ ရှိသည်။ မြေ. ရေ. လေ. မီး. သုခ. ဒုက္ခ. အသက်ဇီဝ. ဓာတ်(၇)ပါး သီးခြားစီ တည်ရှိနေကြ၏။ တစ်ခုက တစ်ခုကို ပြုလုပ်ဖန်တည်း ချယ်လှယ်ခွင့် မရှိ၊ ချမ်းသာအောင် သက်သာအောင် လုပ်၍မရ။ ဆင်းရဲအောင် သေကြေအောင်လည်း လုပ်၍မရ။ လူတစ်ယောက်က လူတစ်ယောက်ကို ဓားဖြင့် ခုတ်သတ်သော်လည်း သတ်ရာမရောက်၊ ပဲနောက်ပုံထဲ တုတ်ဖြင့်ထိုးလျှင် ပဲနောက်ကိုမထိ၊ ပဲနောက်စေ့များကြားက တုတ်ဖြတ်သွားသကဲ့သို့ လက်နက်သည် ဓာဝရဓာတ်ကိုမထိ၊ ဓာတ်(၇)ပါး ကြားကသာ ဖြတ်သွား၍ သတ်သည်မမည် ဟု ဟောပြောသည်။
(အကိရိယဒိဋ္ဌိပင်၊ အညောည၀ါဒခေါ်၏။ ဓာတ်(၇)ပါးဟူသည် အတ္တကိုပင် ပြောဆိုခြင်းဖြစ်၍ သဿတ၀ါဒဟု ခေါ်ရသည်။)

၅။ နိဂဏ္ဌ နာဋပုတ္တဆရာကြီးက ဂေါတမဗုဒ္ဓထက် အနည်းငယ်ကြီး၏။ မဟာဝီရဟုလည်း ခေါ်ကြ၏၊ ယခုအခါ ဣန္ဒိယနိုင်ငံ၌ ဂျိန်းဘာသာအမည်ဖြင့် ဤ၀ါဒတစ်ခုသာ ကြွင်းကျန်တော့၏၊ အ၀တ်ဝတ်သော ဂိုဏ်းနှင့် အ၀တ်မ၀တ်သော ဂိုဏ်းနှစ်မျိုးရှိ၏။ သူ့ဝါဒက စောင့်စည်းမှုလေးမျိုးကို ပြဋ္ဌာန်းသည်။ (ရေ၌ အသက်ရှိသည်ဟု ခံယူသဖြင့်) ရေအေးမသုံး မစွဲရ၊ မကောင်းမှုအားလုံး မလုပ်ရ၊ မကောင်းမှုအားလုံးကို ပြင်းထန်တင်းကြပ်စွာ ဆွေးမြေ့သွားအောင် ဖယ်ရှားရ၏၊ မကောင်းမှုအားလုံးမှ လွတ်မြောက်ပြီး ဖြစ်ရ၏၊ သာမညဖလသုတ် ပါဠိတော်၌ ဤစောင့်စည်းခြင်း လေးမျိုးကိုပြသည်၊ အချို့ကမူ မသတ်၊ မခိုး၊ မလိမ်ခြင်းနှင့် ကိုယ်ပိုင်ပစ္စည်းမထားရ၊ သို့မဟုတ် အဗြဟ္မစရိယ စောင့်စည်းခြင်းဟု ဆိုသည် (စတုယာမ သံဝရ ၀ါဒ၊ အနေကန္တ၀ါဒ ဟု ခေါ်သည်)

၆။ သဉ္စယဗေလဋ္ဌပုတ္တ (သိဉ္စည်း) ဆရာကြီးက ဥပတိဿ ကောလိတ တို့၏ ဆရာဖြစ်ဖူး၏၊ သူ၏၀ါဒကား ဘာကိုမှ ၀န်မခံ၊ အမိမခံ၊ ရှောင်လွှဲလှီးလွှဲသော အဖြေကိုသာ ပေးလေ့ရှိသော ၀ါဒဖြစ်၏။ သူ့အယူအဆ ဘာဟုသိရန် မလွယ်၊ အမရာခေါ်သော ဖမ်းရခက်သော ငါးတစ်မျိုးနှင့်တူသော (အမရာဝိက္ခေပ) ၀ါဒ ဟုခေါ်သည်၊ အဇာတသတ်မင်းကြီးက ဆရာကြီး ၆-ဦးထဲမှာ သိဉ္စည်းဆရာကြီးကို အတွေဝေဆုံး အမိုက်ဆုံးဟု မှတ်ချက်ချခဲ့သည်။

ရှိရင်းစွဲ ဗြဟ္မဏ၀ါဒအပြင် ဗုဒ္ဓနှင့်ခေတ်ပြိုင် ဘုရားအမည်ခံ အထက်ပါဆရာကြီးများ၏ အယူဝါဒတို့ကို ကြည့်လျှင် ဗုဒ္ဓမပွင့်ပေါ်မီနှင့် ပွင့်ပေါ်စခေတ်က လူသားတို့ အယူဝါဒရေးရာ မည်မျှတွေဝေစရာ ဖြစ်သည်ကို မြင်သာလှ၏။ ခိုးမှုသတ်မှုများကို အပြစ်မရှိဟု ဆိုသဖြင့် ထိုဝါဒတစ်ခုတည်းဖြင့်ပင် ကမ္ဘာပျက်နိုင်လောက်သည်။ လူမိုက်အားပေးသော မွေးထုတ်သော ၀ါဒဖြစ်၏။ ထို့ကြောင့်လည်း ဆရာကြီးတိုင်းတွင် အဖွဲ့ဝင်ဝေနေယျတို့လည်း များစွာရှိနေခဲ့ကြသည်။ အလွန်သိမ်မွေ့လှသော ဗုဒ္ဓ ဓမ္မသည် ထိုပတ်ဝန်းကျင်၌ ထိုးထွက်လာခဲ့သည်၊ မည်မျှ ထိုးနှက်တိုက်ခိုက်ခြင်း ခံရမည်ကိုလည်း စဉ်းစားရာ၏။
http://ashinsasana.multiply.com/

အပြည့်အစုံသို့

Friday, February 4, 2011

Sigala's honoring his father

The Sigalovada Sutta takes place when Lord Buddha encountered a youth called Sigala in his morning stroll. The young man, in drenched attire, prostrated and worshipped the four compass direction (East, South, West and North), plus the Earth (Down) and the Sky (Up). When asked by Lord Buddha why he did so, the youth Sigala replied that he had been told by his late father to do so and he thought that it was right to uphold his father's wishes. Lord Buddha then, based on Sigala's point of view, taught him on how a noble one (Pali: ariya) should worship the Six directions.
Avoid evil ways
The Buddha first describes fourteen evil ways that should be avoided by a householder. The Buddha enumerates these evil ways to be avoided as:
• the four defilements of action:
1. taking life (panatipato)
2. stealing (adinnadanam)
3. sexual misconduct (kamesu micchacaro)[
4. lying (musavado)
• the four causes of evil action:
1. desire (chanda)
2. hate (dosa)
3. ignorance (moha)
4. fear (bhaya)
• the six ways of squandering wealth:
1. indulging in intoxicants
2. wandering the streets at inappropriate times
3. frequenting public spectacle
4. compulsive gambling
5. malevolent companionship
6. habitual idleness

Choose true friends
The Buddha then elaborated on the importance of having and being a true friend, as he described what true friends are; and what true friends are not; and, how true friends will aid in attaining a blissful life.
Protect close relationships
Finally, returning to the topic of the six directions, the Buddha described the Four Compass Direction as : parents (East), teachers (South), wife (West), and friends and colleagues (North), and the two vertical directions as: ascetics and Brahmins (Up) and the Servants (Down). He elaborated on how to respect and support them, and how in turn the Six will return the kindness and support.
The householder's commitments and the reciprocal acts of those he honors, as identified by the Buddha, are represented below in accordance with the four directions on the horizontal plane (east, south, west and north):

အပြည့်အစုံသို့

Tuesday, October 12, 2010



1. Not to asssociate with the fools.
အသေ၀နာစ ဗလာနံ၊ လူမိုက်ကို ရှောင်ပါ။

2. But to associate with the wise.
ပဏ္ဍိတာ နဉ္စသေ၀နာ၊ ပညာရှိကို ဆည်းကပ်ပါ။

3. And to worship those who r worthy of worship.
ပူဇာစ ပူဇ နေယျာနံ၊ ပူဇော်ထိုက်သူကို ပူဇော်ပါ.။

4. To live in a suitable country .
ပဋိရူပ ဒေသ ၀ါသောစ၊ သင့်တော်လျှောက်ပတ်သော အရပ်ဒေသမှာ နေထိုင်ပါ။

5. To possess merits from former lives.
ပုဗ္ပေစ ကတပုညတာ၊ ရှေးက ပြုခဲ့ ဖူးသောကောင်းမှုရှိခဲ့ပါ။

6. To make correct vows.
အတ္တသမ္မာ ပဏီဓိစ၊ မကောင်းမှုမပြုမိအောင် မိမိကိုယ်ကို ကောင်းစွာထိမ်းသိန်းပါ။

7. To have much knowledge.
ဗာဟုသစ္စဉ္စ ၊ အကြားအမြင် ဗဟုသုတများအောင် ပြုလုပ်ပါ။

8. And to acquire skill in sciences.
သိပ္ပ ၊ အပြစ်ကင်းသော အတတ်ကို ကျွမ်းကျင်အောင် လေ့လာသင်ယူပါ။

9 . To be well trained in discipline.
ဝိနယောစ သုသိက္ခိကော ၊ ကိုယ်ကျင့်တရားများကို ကြိုးစားစောင့်ထိန်းပါ ။

10. And to live among polite people.
သုဘာ သိတောစ ယာဝါ ၊ ယဉ်ကျေးချိုသာသောစကားများကို ပြောဆိုပါ။

11. To serve one's parents.
မာတာပီတု ဥပဌာနံ၊ မိဘတို့ကို ရိုသေပါ။

12. To support one's wife and children.
ပုတ္တ ဒါရဿ သင်္ဂဟော ၊ သားမယားတို့ကို ထောက်ပံကျွေးမွေးပြုစုပါ။

13 .To be engaged in peaceful occupations .
အနာကုလာစ ကမ္မ န္တာ၊ အပြစ်ကင်းသောအလုပ်ဖြင့် အသက်မွေးပါ။

14. Giving donation.
ဒါနဉ္စ ၊ ပေးကန်းစွန့် ကြဲလှူဒါန်းပါ။

15. Acting according to the dhamma.
ဓမ္မ စရိယာစ၊ စရှိုက်ဆယ်ပါးကို ကျင့်သုံးပါ။

16. Giving help to one's relatives.
ဥာတကာ န ဉ္စ သင်္ဂဟော ၊ ဆွေမျိုးတို့ကို ကြည့်ရှု့စောင့်ရှောက် ထောက်ပံ့ပါ။

17. And performing faultless actions.
အန၀စ္စာ ကမ္မာနိ ၊ အများကောင်းကျိုး ဆောင်ရွက်ပါ။

18. To avoid all kinds of evil.
အာရတီပါပါ ၊ မကောင်းမှုဟူသမျှကို မပြုမိစေရန် စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။

19. To refrain from sin.
ဝိရတီပါပါ ၊ မကောင်းမှုဟူသမျှကို ကိုယ် နှုတ် နှစ်ပါးဖြင့် ရှောင်ကြည်ပါ။

20. To abstain from intoxicating.
မစ္စပါဏစ သံဃမော ၊ ရစ်မှူးစေတတ်သော သေရည် သေရက် မသောက်ရ။

21. And to be vigilant in observation of laws.
အပ္ပ မာဒေါစ ဓမ္မေသု ၊ ကုသိုလ်ကောင်းမှူ့ မမေ့ မလျော့ ဆောင်ရွက်ပါ။

22. Being reverent.
ဂါရဝေါစ ၊ ရိုသေ ထိုက်သူကို ရိုသေ လေးစားပါ။

23. Being modest.
နိဝါတောစ ၊ မိမိကိုယ်ကို မာန်မာန နှိမ်ချပါ။

24. Being contented.
သ န္တုဌိစ ၊ ရသမျှနှင့်ရောင့်ရဲ တင်းတိမ်ပါ။

25. Showing gratitude to those who r grateful.
ကတညုတာ ၊ သူတပါး၏ကျေးဇူးကို သိတတ်ပါ။

26 . Listening to the preaching of the dhamma at an appropriate time.
ကာလေန ဓမ္မ ဿဝနံ ၊ အခါအားလျှော်စွာ တရားနာပါ။

27. To practise patience.
ခန္တီစ ၊ အရာရာတွင် သေးခံစိတ်မွေးပါ။

28 . To be obedient when urged to be so.
သောဝစ ဿတာ ၊ ပညာရှိ သူတော်ကောင်းများထံမှ ဆိုဆုံးမစကားကို နာယူပါ။

29. To visit monks with a view of paying them respect .
သာမဏ နဉ္စ ဒဿနံ ၊ ရဟန်းသံဃာများကို ရိုသေစွာဖူးတွေ့ပါ။

30. And to hold discussions of the dhamma from time to time.
ကာလေန ဓမ္မ သာကစ္ဆာ ၊ သင့်လျှော်သောအခါသမယ၌ တရားဓမ္မများကို ဆွေးနွေးပါ။

31. Ascetic practices.
တပေါ စ ၊ ခြိုးခြံချွေတာပါ။

32. Chastity.
ဗြဟ္မစရိယဉ္စ သမထ ၊ နက်ရှိုင်းမြင့်မြတ်သော ၀ိပသာနာ အကျင့်ကို ကျင့်ပါ။

33. The understanding of the noble truths.
အရိယာသစ္စာန ဒဿနံ ၊ သစ္စာလေးပါးကို သိမြင်အောင်ရှုမှတ်ပါ။

34. And the realization of nivana.
နိဗ္ပာန သစ္ဆိ ကရိယာစ ၊ နိဗ္ဗာန်မဂ်ဖိုလ်တရားများကို မြင်အောင်ကြည့်ရှုပါ။

35. To possess a mind not shaken by the vicissitudes of life.
ဖုဋ္ဌဿ လောကဓမ္မေဟိ ၊ ခက်ထန်သော လောကဓံများကြုံတွေ့သောအခါ မတုန်လှုပ်မိအောင် စိတ်ကိုထိန်းပါ။

36. Freedom from anxiety .
အသောကံ ၊ စိုးရိမ်သောက ကင်းဝေးနိုင်စေရန် စိတ်ကို ထိန်းပါ။

37. Immaculate purity.
ဝိရဇံ ၊ တွယ်တာမက်မောတတ်သော (လောဘ) စိတ်ကို ထိန်းပါ။

38. And the felling of prefect security.
ခေမိ ၊ ဘေးရန်မဖြစ်အောင် ထိန်းပါ။


တစ်နာရီမှာ ၀င်သက်ပေါင်း 360 ၊ ထွက်သက်ပေါင်3း60၊ တစ်နာရီမှာ ၀င်သက်ထွက်သက်ပေါင်း 720 နဲ့ တစ် နေ့လုံးမှာ တို့တွေ အသက်ရှုနှုန်း က 17280 ရှိတဲ့ထဲ့မှာ တစ်နာရီ တစ်မိနစ် တစ် စက္တန့် ကုန်သွားတိုင်းမှာ သုံးဆယ် ရှစ်ဖြာတရားတော် အတို င်း သာနေထိုင် ကြမယ်ဆိုရင်မြတ်စွာဘုရားရဲ့တရားတော်တွေကိုအထူး တလည်ကျင့် နေစရာမလိုအောင်ပြီးပြည့်စုံနေပါပြီ။

သီလကို လုံခြုံအောင်ကျင့်ကြံ နိုင်သော တရားထူးများရှိ၏။ လူဆိုလျှင် အနည်းဆုံးငါးပါးသီလ လုံအောင်လုပ်နည်း။ သီလရှင်ဆို လျှင် ရှစ်ပါးသီလ လုံအောင် လုပ်နည်း ။ သာမဏေ ဆိုလျှင် ဆယ်ပါးသီလ လုံအောင်လုပ်နည်း ။ ရဟန်းဆိုလျှင် အကျဉ်းအားဖြင့် ၂၂၇ သွယ် သိက္ခာပုဒ် အကျယ်အားဖြင့် ကုဠေ-၉၁၈၀၅၀၃၆၀၀၀ သိက္ခာပုဒ် လုံခြုံအောင်လုပ်နည်းတွေ ရှိ၏။ ထို သီလ တရားတော် တွေ အတိုင်းသာ ကျွနုပ်တို့ နေထိုင်ကျင့် ကြံ ကြ မည် ဆို လျှင် . . . . . . . . . . . .
ယခုလက်ရှိ ကမ္ဘာကြီးရဲ့ လိုအင်တောင်းတနေသော ငြိမ်းချမ်းမှုနှင့် တရားမျှတသော လူဘောင်အဖွဲ့ အစည်းကြီးတစ်ခုသည်။ သင့်လက်ဝယ်ထဲ့သို့ များမကြာရောက်ရှိလာမည်မှာ ဧကန်မလွဲပါ။


မေတ္တာဖြင့်

U C S W A

အပြည့်အစုံသို့