Sunday, May 1, 2011

ဥာဏ်ပညာရယ်..ချစ်ခြင်းတရား...ဘ၀မှာ ဆိုးဝါးလွန်းတဲ့ ''အဓမ္မ'' ကို နိုင်ဦးမလား?

ဥာဏ်ပညာရယ်..ချစ်ခြင်းတရား...ဘ၀မှာ ဆိုးဝါးလွန်းတဲ့ ''အဓမ္မ'' ကို နိုင်ဦးမလား???????????
(၁) အချစ်ကိုလိုမှ ပေးဆပ်ရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့ တူ
တယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်း စာသားထဲကလိုပဲ ပျော်ရွှင်ခြင်း
တွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူ ထွက်သွားမှပေးဆပ်
ရကောင်းမှန်း သိတာမျိုးမဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။

(၂) အထီးကျန်မှ သူငယ်ချင်းတွေကို သတိရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ သူငယ်ချင်း ဆိုတာ
ဘာလဲ? တကယ့်သူငယ်ချင်းဆိုတာ သင့်ကို ဘယ်တော့မှပစ်မထားတတ်သူဖြစ်တယ်။ လောကမှာစိတ်တူကိုယ်
တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ရာ ခဲယှဉ်းတယ်။ အထီးကျန်ချိန်၊ သောကရောက်ချိန် သူငယ်ချင်းဟာ
သင့်အတွက် သစ္စာရှိတဲ့ နားထောင်သူဖြစ်တယ်။ သင့်အတွက် ဖေးမကူညီသူဖြစ်တယ်။ သင့်ရင်ဖွင့်သံကို မငြီးမ
တွား နားထောင်ပေးတယ်။ သူတို့ဆီမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။

(၃) အလုပ် အကိုင်ရှိမှ ကြိုးစားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ လူတချို့က ကိုယ့်စိတ်နဲ့ထပ်တူကျ
မယ့် အလုပ်ကိုပဲ စောင့်မျှော်နေတတ်တယ်။ ဆံဖြူတဲ့အချိန်ထိ ခေါင်းမာမာနဲ့ စောင့်တတ်တယ်။ တကယ်တော့ လောကမှာရှိတဲ့ အရာရာတိုင်းဟာ ထူးဆန်းအံ့သြစရာတွေပါ။ သင်သာ ကြိုးစားလို စိတ်ရှိရင် သင့်စိတ်နဲ့ထပ်တူ
ကျတဲ့အလုပ်တွေနေရာတိုင်းမှာရှိနေပါတယ်။

(၄) ကျရှုံးမှ သူတစ်ပါးရဲ့ အသိပေးစကားကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိမစောင့်နဲ့
အသိပေး စကားတွေက နားမခံသာပေမယ့် အကျိုးရှိတယ်။ ဆေးခါးတွေက အဝင်ခက်ပေမယ့် ရောဂါပျောက်
တယ်။ မုသားစကားကို လူတိုင်း နှစ်သက်တတ်တယ်။ မုသားစကားတွေက ချိုလို့ဖြစ်တယ်။ အသိပေးစကားကို ကျရှုံးချိန်မှ သတိရတာဟာ အရာအားလုံးမီးခိုးလို ပျောက်ကွယ်သွားတာနဲ့ အတူတူဖြစ်တယ်။

(၅) ဖျားနာမှ အသက်တစ်ချောင်းဟာ ကျိုးပဲ့လွယ်တယ်လို့ အသိရကောင်းမှန်းသိတဲ့အချိန်ထိ မစောင့်နဲ့
အသက်က ကျိုးပဲ့လွယ်တယ်။ ပုရွက်ဆိတ်တစ်ကောင်ဟာ သင့်ခြေဖဝါးအောက်မှာ သေဆုံးနိုင်တယ်။ ဒါကိုသင်
သတိထားမိချင်မှထားမိမယ်။ ဖျားနာချိန်၊ အသည်းအသန်ဖြစ်ချိန်ရောက်မှ အသက်ကို တန်ဖိုးထားရကောင်းမှန်း သိတာမျိုးမဖြစ်စေနဲ့။







(၆) ခွဲခွါမှ ချစ်ခင်ရင်းနှီးမှုကို တန်ဖိုးထားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘာဖြစ်လို့ ခွဲခွါပြီးတဲ့
နောက်မှ အတူနေတဲ့အချိန်ကို တန်ဖိုးထားရကောင်းမှန်း သိရတာလဲ? သည်းခံတဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာ
ဟာ သူတစ်ပါးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာဖြစ်သလို ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ
တာလည်းဖြစ်တယ်။


(၇) သူတစ်ပါး ချီးကျူးမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ လူတိုင်းမှာ
ကောင်းကွက်နဲ့ ကိုယ်ပိုင်အရည် အချင်းတွေ ရှိပြီးသားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ အောင်မြင်ခြင်းရဲ့
သော့ ဖြစ်တယ်။ သူတစ်ပါးဆီက ချီးကျူးသံကြားမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်းသိတာမျိုး မဖြစ်စေနဲ့။
ဘဝဆိုတာလည်ပတ်မနေဘူး။တစ်ကြိမ်တစ်ခါပဲရှိတယ်။

(၈) သူတစ်ပါး ညွန်ပြမှ ကိုယ့်အမှားကို ဝန်ခံရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ အမှားကိုသတ္တိရှိရှိ
ဝန်ခံတာဟာ သူတစ်ပါးရဲ့အကဲ့ရဲ့ကိုမခံရတဲ့အပြင် သူတစ်ပါးရဲ့လေးစားတာကို ခံရတတ်တယ်။လူတိုင်းအမှားနဲ့ မကင်းပါဘူး။ တချို့က သူတို့ရဲ့အမှားကို ဖုံးကွယ်ထားတတ်ပြီး တချို့က သတ္တိရှိရှိ ဝန်ခံတတ်တာလေးပါပဲ။

(၉) ချမ်းသာကြွယ်ဝမှ သူတစ်ပါးကို ကူညီရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ သူတစ်ပါးကို
ကူညီတာဟာ ပျော်ရွှင်ခြင်း တစ်မျိုးဖြစ်တယ်။ ချမ်းသာမှသူတစ်ပါးကို ကူညီမယ်ဆိုတာမျိုး မဖြစ်စေနဲ့။ ချမ်းသာ
ကြွယ်ဝမှ ပေးကမ်း ရက်ရောတာမျိုးကို လူတိုင်း လက်ခံချင်မှ လက်ခံလိမ့်မယ်။

(၁ဝ) သေဆုံးခါနီးမှ ဘဝကိုချစ်ရ၊ တန်ဖိုးထားရကောင်းမှန်း သိတဲ့အချိန်ထိ မစောင့်နဲ့ ဘဝဆိုတာ ထူးဆန်း အံ့သြတာတွေနဲ့ အမြဲပြည့်နေတယ်။ ဘဝဟာမြစ်တစ်စင်းနဲ့တူတယ်။ အမြဲစီးဆင်းနေတယ်။ နာခြင်း၊ အိုခြင်းက ဘဝကို မပြောင်းလဲသွားဘူး။ ဘဝကို ချစ်တာဟာ ကိုယ့်ကိုယ်ကို ချစ်တာနဲ့တူတယ်။ ကျေနပ်လက်
သင့်ခံနိုင်တဲ့အဆုံးသတ်တစ်ခုဘဝမှာရှိသင့်တယ်။

0 comments:

Post a Comment